Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မြောက်ကိုရီးယား ဒုံးကျည်ကို ကာကွယ်ရန် အမေရိကန် ပြင်ဆင်

$
0
0

မြောက်ကိုရီးယားဘက်မှ ပစ်လွှတ်နိုင်ဖွယ်ရှိတဲ့ ဒုံးကျည်ကို ကာကွယ်ဖို့ အမေရိကန် စစ်တပ်သုံး ရေကြောင်းဆိုင်ရာ SBX အစွမ်းထက် ရေဒါတခုကို တပ်ဆင်လိုက်ပြီလို့ အမေရိကန် ထိပ်တန်းကာကွယ်ရေးအရာရှိတဦးက ပြောပါတယ်။

SBX ရေဒါဟာ ဂေါက်သီးအကြီးစားနဲ့ ပုံစံဆင်ပြီး ရေထဲမှာ ပေါ်နေနိုင်တဲ့ X-band ရေဒါ တခု ဖြစ်ပါတယ်။ မြောက်ကိုရီးယားဘက်က ပစ်လွှတ်မယ့် ဒုံးကျည်ကို အနည်းဆုံး ကီလိုမီတာ ၂ ထောင် အကွာအဝေးအတွင်းမှာ ခြေရာခံနိုင်ပြီး ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေဟာ အရင်မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်အီဆွန်းရဲ့မွေးနေ့အထိမ်းအမှတ်အတွက် ဧပြီ ၁၅ မတိုင်ခင်မှာ မြောက်ကိုရီးယားဘက်က ဒုံးကျည်တစင်း သို့မဟုတ် ဒုံးကျည်ပေါင်းစုံ ပစ်ခတ်လိမ့်မယ်ဆိုတဲ့ ထင်ကြေးတွေကြားမှာ သတိပေးတပ်လှန့်ချက်တွေ တိုးမြှင့်ထားတာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ ဂူအမ်က အမေရိကန်စစ်စခန်းတွေကို ကူညီကာကွယ်ဖို့ ဒေသတွင်းမှာ သူ့ရဲ့ဒုံးကျည် ကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့အားပေးနေတာ ဖြစ်ပါတယ်။

အာလေးအမျိုးအစား အမေရိကန် ဖျက်သင်္ဘော ၂ စီးကိုလည်း ဒုံးဖျက်လက်နက်နဲ့အတူ ပစိဖိတ်အနောက်ပိုင်းကို ပို့ဆောင်ထားပြီး သားဒ် ကြားဖြတ်တိုက် အမြောက်တပ်ဖွဲ့တွေကိုလည်း မြောက်ကိုရီးယားနဲ့ မိုင် ၂၀၀၀ ကျော်အကွာက ဂူအမ် အမေရိကန်စစ်စခန်းကို တပ်ချထားပြီး ဖြစ်ပါတယ်။

အမေရိကန်စစ်တပ်ဟာ တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်နေတဲ့ စစ်အင်အားကို ပြထားတာအပြင် B-52 နဲ့ B-2 ဗုံးကြဲလေယာဉ်တွေနဲ့ အစွမ်းထက် F-22 ဂျက် တိုက်လေယာဉ်တွေကို ပြသထားပြီး ဖြစ်ပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ