Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဆီးရီးယား ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်

$
0
0

ဆီးရီးယားငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ မအောင်မြင်ပဲ ပြီးဆုံးသွားပြီလို့ စေ့စပ်သူ လက်ဒါ ဘရာဟီမီက ဇန်န၀ါရီလ ၃၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဘရာဟီမီ ဟာ ဂျာမနီနိုင်ငံ မြူနစ်မြို့မှာ နှစ် ၅၀ မြောက် ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ရင်း သတင်းထောက်တွေကို အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

_72647952_72647951ဇန်န၀ါရီလ ၃၁ ရက်နေ့က ပြီးဆုံးသွားတဲ့ ၁ ပတ်ကြာငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ခဲ့တဲ့အပြင် နောက် ၁၀ ရက်အကြာမှာ ဒုတိယအကြိမ် ထပ်မံ ကျင်းပမယ့် အလားတူဆွေးနွေးပွဲကိုလည်း အစိုးရကိုယ်စားလှယ်တွေက တက်ရောက်ဖို့ အသေအချာ မသိသေးဘူးလို့ လည်း ပြောဆိုခဲ့ပါတယ်။

ဟုန်မ်းမြို့မှာ ပိတ်မိနေတဲ့ မြို့ထံလူထုတွေဆီကို စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကိုတောင် ပေးပို့ဖို့ အောင်မြင်အောင် မဆွေးနွေးနိုင်ခဲ့ဘူးလို့ ဘရာဟီမီက ဆိုပါတယ်။ နှစ်ဖက် ကိုယ်စားလှယ် တွေဟာ ကိုယ်ရဲ့ရပ်တည်ချက်တွေကနေ တလက်မမှ အလျော့ပေးဖို့ မစဉ်းစားဘူးလို့ ဆိုပါတယ်။

အတိုက်အခံသူပုန်တွေက လက်ရှိသမတအာဆက်မပါတဲ့ အသွင်ကူးပြောင်းရေးအစိုးရကိစ္စကိုပဲ ရပ်ခံဆွေးနွေးခဲ့ပြီး အစိုးရဘက်ကလည်း အကြမ်းဖက်တွေကို ချေမှုန်းမယ့်ကိစ္စလွဲလို့ တခြားကိစ္စတွေကို မဆွေးနွေးခဲ့ပါဘူး။

လက်ဘနွန်နိုင်ငံခြားရေးဝန်ကြီး နာဂျပ် မီကတီကတော့ အနည်းဆုံး ဆီးရီးယားပြည်သူတွေရဲ့ အကျိုးအတွက် အပစ်အရပ်ရပ်စဲရေးကို လေးလေးနက်နက် လုပ်ဆောင်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပထမအကြိမ် နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲ မအောင်မြင်ခဲ့ပေမယ့် နောက်ထပ်ဆွေးနွေးပွဲတွေ ဆက်လုပ်ရင်းကနေ အချိန်နဲ့အမျှ တင်းမာမှုတွေ တဖြေးဖြေး ဖြေလျော့လာနိုင်လိမ့်မယ်လို့ သံတမန်တွေကတော့ မျှော်လင့်နေကြပါတယ်။


Viewing all articles