Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ရီးယယ်မက်ဒရစ်အသင်းပိုင် ဘောလုံးကွင်းကို ယူရို ၄၀၀ သန်း ကုန်ကျခံ အဆင့်မြင့်မည်

$
0
0

စပိန်နိုင်ငံ ရီးယယ်မက်ဒရစ်အသင်းပိုင် ဘန်နာဗျူးဘောလုံးကွင်းကို ယူရိုသန်း ၄၀၀ အကုန်အကျခံပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးကွင်းအဖြစ် အဆင့်မြင့်မယ်လို့ အသင်း ဥက္ကဌက သောကြာနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

Santiago Bernabeuဒီနှစ်ဘောလုံးရာသီ အကုန်မှာ အဲ့ဒီပရောဂျက်ကို စတင်မှာဖြစ်ပြီး ၂၀၁၇ မှာ ပြီးစီးမယ်လို့ ဆိုပါတယ်။ ဘောလုံးကွင်းအပြင်ပိုင်းဒီဇိုင်းကို အသစ်ပြန်လုပ်မှာဖြစ်ပြီး ဟိုတယ်တခုနဲ့ shopping centre တခုလည်း ပါဝင်မယ်လို့ ဆိုပါတယ်။

ကွင်းဒီဇိုင်းပိုင်းကို ဂျာမနီနိုင်ငံ၊ ဟန်းဘတ်မြို့အခြေစိုက် ဘောလုံးကွင်းဒီဇိုင်းကုမ္ပဏီ GMP ကုမ္ပဏီက တခြားကုမ္ပဏီတွေနဲ့ ပြိုင်ပြီး ဒီဇိုင်းရေးဆွဲခွင့်ကို ရရှိခဲ့ပါတယ်။

ရီးယယ်မက်ဒရစ်အသင်း ဥက္ကဌ ဖလိုရန်းတီနို ပဲရက်က ရီးယယ်မက်ဒရစ်ဘောလုံးကွင်းကို ကမ္ဘာ့အကောင်းဆုံး နဲ့ ခေတ်အမီဆုံး၊ မဒရစ်မြို့တော်ရဲ့ အထင်ကရ အမှတ်တံဆိပ် ဖြစ်ချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

GMP ကုမ္ပဏီတော့ ဒီဘောလုံးကွင်းပရောဂျက်ဟာ ကုမ္ဗဏီသမိုင်းမှာ အထူးခြားဆုံးဖြစ်ပြီး မျိုးဆက်သစ် ဘောလုံးကွင်းဒီဇိုင်းဖြစ်မယ်လို့ ဆိုပါတယ်။

ရီးယယ်မက်ဒရစ်အသင်းရဲ့ ဘန်နာဗျူးကွင်းကို ၁၉၅၀ နှစ်တွေက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ၁၉၈၂ ခုနှစ်မှာ စပိန်ကမ္ဘာ့ဖလားပွဲအတွက် မွမ်းမံမှုတွေ လုပ်ခဲ့ပါတယ်။

ဥရောပတိုက်မှာ အကြီးဆုံးဘောလုံးကွင်းကတော့ ဘာစီလိုနားအသင်းရဲ့ နူးကမ့်ဘောလုံးကွင်း ဖြစ်ပြီး ၁၉၅၀ နှစ်တွေကပဲ ဖွင့်လှစ်ခဲ့ပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ